Thursday, September 5, 2013

ဥပပါရမီ သွေးလှူရှင်အဖွဲ့


ကမ္ဘာ့သမိုင်းစာမျက်နှာကို ပြန်လှန်ကြည့်ပါ။ သူတို့ဟာသေသာသွားတယ်။ သူတို့ရဲ့ရုပ်ပုံလွှာတွေ၊သူတို့ရဲ့သြ၀ါဒတွေ၊သူတို့ရဲ့မိန့်ခွန်းတွေကိုဒီနေ့အထိလိုက်
နာနေကြရပြီးသူတို့ရဲ့ရုပ်တုတွေကိုဘာဖြစ်လို့ဒီနေ့အထိရှိခိုးဝတ်ပြု
 အရိုအသေပေးနေကြရတာလဲ။ဒါလေးတွေကိုဒီနေ့နည်းနည်းလေ့လာ
ကြည့်မယ်။တပည့်တော်တို့ ဘာသာရေးနယ်ပယ်ကိုအရင်လေ့လာ
ကြည့်ကြရအောင်။တပည့်တော်တို့ရဲ့ မိမိသွေးနဲ့လူ့အသက်ကို ကယ်တင်ရန်ဆိုတဲ့ပထမဦးဆုံးရည်ရွယ်ချက်။ဒီရည်ရွယ်ချက်မှာဆိုရင် တပည့်တော်တို့ပေးလှုတယ်ဆိုတာဟာသွေးပါ။မြတ်စွာဘုရားက အလောင်းတော်ဘ၀မှာအသက်ကိုတောင်မှနိဂြောဓသမင်ဘ၀နဲ့ ပေးလှုဖူးတယ်။
ဒီဇာတ်တော်မှာဆိုရင်ဘုရားအလောင်းတော်ဟာနိဂြောဓသမင်နာမည်နဲ့
 ရွှေသမင်တစ်ကောင်ဖြစ်ခဲ့တယ်။ စဉ်းနီတုန်းမှာအလှည့်ကြလည်စင်းခံပြီးအသတ်ခံရမဲ့အဖြစ်ဆိုးနဲ့လည်း ကြုံနေတယ်။တနေ့မှာတော့ဗိုက်ထဲမှာသန္ဓေသားရှိနေတဲ့ကိုယ်ဝန်ဆောင်သမင်
တစ်ကောင်ရဲ့ကိုယ်စား  အလာင်းတော်ဟာအစားအသေခံပေးဖူးတယ်။ ရှင်ဘုရင်ကအကြောင်းစုံအကုန်သိတော့သမင်အားလုံးကိုလွတ်ငြိမ်းချမ်းသာခွင့်
 ပေးလိုက်တယ်။ဒါဟာအလောင်းတော်ရဲ့အသက်နဲ့ရင်းနှီးပြီးသူတစ်ပါး
အသက်ကိုကယ်တင်မှုဆိုတဲ့ဘ၀တွေထဲကဘ၀တစ်ခုကိုသာထုတ်ပြတာပါ။
           
နောက်တစ်ခါ တပည့်တော်တို့ အရှင်အာနန္ဒာရဲ့ ဘ၀သမိုင်းထဲကလည်းနည်းနည်းလေးလောက်ထုတ်နှုတ်လေ့လာကြည့်ရအောင်။ အရှင်အာနန္ဒာဟာတပည့်တော်တို့သာသနာမှာအင်မတန်အရေးပါအ
ရာရောက်သူ ဖြစ်ပါတယ်။ ပထမသင်္ဂါယနာတင်ဖို့ တာဝန်အပေးခံရချိန်ကစပြီး ရဟန္တာတောထဲမှာကိလေသာစော်မနံရလေအောင် နေ့မနားညမနားတရားအား
ထုပ်ခဲ့ရပါတယ်။သာသနာအဓွန့်ရှည်ဖို့အရေးအားသွန်ခွန်စိုက်လုပ်တဲ့နေရာမှာ၊
 နောက်တနည်းပြောရရင်နံပါတ်(၂)ရည်ရွယ်ချက်လိုလူသားအကျိုးလိုလားစိတ်
ကိုမြှင့်တင်ပေးတဲ့နေရာမှာ၊နံပါတ်(၃)ရည်ရွယ်ချက်လိုအမျိုးဘာသာသနာကိုစွမ်း
အားရှိသလောက် မြှင့်တင်တဲ့နေရာမှာအရှင်အာနန္ဒာဟာလဲရာကနေအတင်း
အကြပ်ရုန်းကန်ထမြောက်ရသူမို့တပည့်တော်တို့ဥပပါရမီသွေးလှူအသင်းရဲ့
အလှူရှင်များအနေနဲ့  စံထားထိုက်တဲ့ပုဂ္ဂိုလ်ထဲမှာတစ်ပါးအပါအ၀င်ပါပဲ။နောက် နိုင်ငံရေးနယ်ပယ်ကို
လည်းလေ့လာကြည့်ကြရအောင်။ ဆရာဦးမေအောင်က ဝေလမင်းသားရဲ့ ဘုန်းတော်ဘွဲ့ကိုရေးပေးရင် ဥာဏ်ပူဇော်ကတစ်ထောင်ပေးမယ်လို့ပြောတယ်။ နယ်ချဲ့တွေရဲ့မျိုးဆက်ကိုဘုန်းတော်ဘွဲ့နဲ့တော့ဂုဏ်ပြုမပေးနိုင်ဘူးဆိုပြီ
 ပြတ်ပြတ်သားသားငြင်းခဲ့တယ်။ဇနီးကလည်းမရှိ။ သားသမီးတွေကလည်းတွဲလိုတွဲလောင်းနဲ့တောင်မှ လူမျိုးအပေါ်မှာသစ္စာဖောက်ဆန်တဲ့ အလုပ်မျိုးကိုသူဘယ်တော့မှ မလုပ်ခဲ့ဘူး။ လျှာပေါ်မှာ မြက်ပေါက်ရုံမကလို့ တောထနေမယ်ဆိုရင်တောင်မှ ဂရုမစိုက်တဲ့လူစားမျိုး။ သူတို့ခေတ် သူတို့အခါမှာဆိုရင် လိုင်စင်လုပ်စားရုံနဲ့ ချမ်းသာနိုင်တယ်။ဒီလိုအကျင့်ပျတ်တဲ့ အလုပ်မျိုးကိုလည်းမလုပ်ခဲ့ဘူး။ သေချင်သေပါစေ၊ထမင်းကြမ်းကိုယပ်ခတ်စား
မယ်ဆိုတဲ့ သူရဲကောင်းလို့လည်းခေါ်လို့ရတဲ့၊ သမာဓိရှိတဲ့သူတော်ကောင်းလို့လည်းဘွဲ့ပေးထိုက်တဲ့ပုဂ္ဂိုလ် ။ သခင်ဖိုးလကြီးတို့ ရန်ကုန်တက်ပြီးသပိတ်မှောက်တော့ ကိုးထပ်ကြီးဘုရားနားအရောက်မှာသူကထွက်ပြောတယ် ။ ဓနရှင် ကုမ္မဏီဆိုတဲ့ ပုရွက်ဆိတ်နဲ့နပမ်းလုံးမနေကြနဲ့။ကျားနဲ့တူတဲ့နယ်ချဲ့တွေကိုတိုက်ဖို့ ကျန်သေးတယ်လို့လည်းသတိပေးခဲ့တယ်။သူ့ကိုအားလုံးသိပါတယ်။သူဟာဆရာ
ကြီးသခင်ကိုယ်တော်မှိုင်းပါပဲ။ဆရာကြီးသေသွားပြီဆိုတော့ စမ်းချောင်းမှာတဲကုက်လေးတလုံးသာကျန်တယ်လို့သိရတယ်။ အကြီးအကဲသာဖြစ်သွားတယ်။သူချမ်းသာမသွားဘူးသူ့သားသမီးတွေလည်းဆင်း
ရဲပြီးကျန်နေခဲ့ရတယ်။ဒီလိုအခြေအနေနဲ့ကျန်ခဲ့ရတဲ့ သဘောတရားလေးတွေကိုသေသေချာချာ ၊ စေ့စေ့ငှငှ ၊ စုံစုံလင်လင် အာလုံးကိုစင်းစားစေချင်တယ်။ သူဟာ ပြည်သူရဲ့ သွေးတွေ၊ ချွေးတွေကိုသူ့အတွက်အသက်ရှည်ဆေးအဖြစ်
 ဖော်ဆက်ခဲ့တာမဟုတ်ဘူး။သူ့သွေးသူ့ချွေးတွေကိုသာ ပြည်သူ့ရဲ့အသက်ရှ
ည်ဆေးအဖြစ် ဖော်ဆက်ခဲ့တာပါ။
နောက်တစ်ဦး။ တပည့်တော်တို့ဗိုလ်ချုပ်။ ဗိုလ်ချုပ်လို့ဆိုလိုက်တာနဲ့ ဦးအောင်ဆန်းဆိုတဲ့ ပုဂ္ဂိုလ်ကိုသူ့ထက်ငါ အလုအယက်ပြေးမြင်လိုက်ကြတယ်။ ဒါဟာသူ့ပေးဆက်မှုရဲ့ နောက်ကွယ်မှာကျန်ခဲ့တဲ့ ပါဝါတစ်မျိုးပဲ။ အဲဒီသူတို့ပါဝါတွေက ပြည်သူတွေရဲ့ ရင်ထဲကိုဒီနေ့ဒီအချိန်ထိလွှမ်းမိုးနေဆဲ။ အုပ်ချုပ်နေဆဲ။ အူတွေအသည်းတွေအထိတစိမ့်စိမ့် စိမ့်ဝင်နေဆဲပဲ။ တချိန်တစ်ခါကဒီသမိုင်းတွေကိုဖုံးအုပ်ခဲ့ပါသေးတယ်။ သမိုင်းတွေကအချိန်ရှိသမျှ ရတဲ့နေရာကနေတိုးထွက်နေသလ၊ိုဖော်တဲ့လူတွေကလည်းဖော်နေကြတာပဲ
မဟုတ်လား။ ဒါဟာသမိုင်းတွေရဲ့ ဖြစ်ရိုးဖြစ်စဉ်သဘောတရားအမှန်ပဲ။ ဒါနဲ့ပတ်သတ်လို့ တပည့်တော်ကရွှေကျင်ဂိုဏ်ကြီးကိုတည်ထောင်သွား
တဲ့ ပထမရွှေကျင်ဆရာတော်ဘုရားကြီးရဲ့ သြဝါဒကိုသတိရမိတယ်။ အဆန်ပြည့်စွာပြောင်းဖူးမှာ၊ အဆစ်အောက်မှာပုန်း၍ဖူး မြင်သူတိုင်းကလား၍ခူး။ မပြည့်အဆံထိုပြောင်းနှံ
 ပျံတော့မလိုထိပ်ကဖူး၊မည်သူတစ်ယောက်လာမခူးတဲ့ ။ဘယ်လိုပင်ဖုံးဖုံးဘယ်လိုပင် ပုန်းပုန်းလိုက်သူကလိုက်၊ ဖော်သူကဖော်နေကြမှာပဲ။
လမ်လျှောက်သူအတွက် ခြေရာကျန်ပါတယ်။အလုပ်လုပ်သူအတွက် သမိုင်းကျန်ပါတယ်။ ဒီနေ့ တပည့်တော်တို့ ၁၃၇၅ ခုနှစ်၊
 ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)မှာရန်ကုန်ဗုဒ္ဓတက္ကသိုလ် ဥပပါရမီသွေးလှူအသင်းဆိုပြီးတက္ကသိုလ်ရဲ့ အနေအထားတစ်ခုအနေနဲ့ တပည့်တော်တို့ အသက်နဲ့ရင်းနှီးပြီး လှူခဲ့ကြတဲ့ ဒီနေ့လှူဒါန်းစွန့်လွှတ်မှုဟာလည်းပဲနောင်ကမ္ဘာအဆက်ဆက် သမိုင်းတွင်ကျန်ရစ်လိမ့်မယ်လို့ ပြောကြားရင်းနဲ့ပဲနိဂုံးချုပ်အပ်ပါတယ်။
ရန်ကုန်မြို့အမျိုးသားသွေးလှူဘဏ်သွေးလှူအခဏ်းနား၌ပြောကြားသော
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ဥပပါရမီသွေးလှူအသင်းအသင်းတာဝန်ခံ
ဦးအတုလာစာရအမ်အေဖိုင်နယ်မှပြောကြားချက်ကိုထုတ်နှုတ်တင်ပြ
အပ်ပါသည်။

No comments:

Post a Comment

အပြစ်ကင်းသော စာများကို ကြိုဆိုပါတယ်