အတွေးအခေါ်က အရေးကြီးတယ်၊
ပရဟိတစိတ်၊ အလုပ်လုပ်ဖို့စိတ်ဆိုတာ ဦးဇင်းတို့ တက္ကသိုလ်ကျောင်းသားတွေမှာရှိကိုရှိရမယ်သူတော်ကောင်းတွေအားလုံး ဒီပရဟိတအလုပ်ပဲလုပ်ကြတယ်၊ စိတ်ဓာတ်ကောင်းတယ်။
ဆရာကြီး ဦးမြင့်ဆွေ
ပါမောက္ခချုပ်
မန္တလေး၊
ရန်ကုန် ဗုဒ္ဓတက္ကသိုလ်
ဒီလိုမျိုး အများအကျိုးဆောင်ရွက်တဲ့ ကျောင်းသားအဖွဲ့စည်း၊ လူမှုအဖွဲ့စည်းဆိုတာ နေရာတိုင်းမှာ ရှိသင့်တယ်၊အခုလိုပရဟိတစိတ်ရှိတဲ့ဗုဒ္ဓတက္ကသိုလ်ကျောင်းသား/သူတွေစုပေါင်းပြီးဆာင်ရွက်တဲ့
မြတ်ကျောင်းသားအသင်းရဲ့ လုပ်ဆောင်ချက်ကို
တွေ့ရလို့ ပီတိဖြစ်မိပါတယ်။
ဒေါက်တာ ဦးနောဓိဉာဏ
တွဲဖက်ပါမောက္ခ
အပြည်ပြည်ဆိုင်ရာ
ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်
မြတ်ကျောင်းသားအသင်းရဲ့ လုပ်ဆောင်ချက်တွေက
အလွန်ကောင်းပါတယ်။ စည်းလုံးညီညွတ်စွာနှင့် ရိုင်းပင်းကူညီကြတယ်။ တက္ကသိုလ်ရဲ့ အခန်းကဏ္ဍ
တွေမှာလည်း ပါဝင်ကူညီတယ်။ ကျမ်းစာအုပ် (၃၃)အုပ်နှင့် ပရင်တာတွေ လှူပေးလို့ အထူးဝမ်းသာမိပါတယ်။ ဒီထက်တိုးတက်အောင် ဆောင်ရွက်ကြဖို့
ဆန္ဒပြုတိုက်တွန်းပါတယ်
ဆရာတော်ဦးဝိမလ
တွဲဖက်ပါမောက္ခ
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
အခုလိုစုပေါင်းညီညွတ်မှုစိတ်၊သာသနာပြုစိတ်၊ပရဟိတစိတ်ရှိကြတဲ့တပည့် ကျောင်းသား/သူများကို တွေ့ရ လို့ ဘုန်းကြီးတို့
ဝမ်းသာပါတယ်။မောင်ရင်တို့ ညီညီညွတ်ညွတ်
ဒီထက်မက တိုးတက်အောင်ဆောင်ရွက်ဖို့ တက္ကသိုလ်ရဲ့လိုအပ်ချက်တွေကိုပါဝင်ကူညီဆောင်ရွက်ဖို့များစွာလိုအပ်တယ်။ မြတ်ကျောင်းသားအသင်းရဲ့ လုပ်ဆောင်ချက်ကိုလည်း အားရကျေနပ်မိပါတယ်။
ကြိုးစားကြပါ။
ဆရာတော်ဦးပဏ္ဍဝံသ
တွဲဖက်ပါမောက္ခ
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
No comments:
Post a Comment
အပြစ်ကင်းသော စာများကို ကြိုဆိုပါတယ်