ဆရာကြီး ပီမိုးနင်း၏ လူမှု့ရေး စာစုများ =====================
( ၁) ပညာကြီးလျက် အပေါင်းမတတ်သူ၊ အဆင်းလှလျက် လူချစ် လူခင်မများ သူတွေ များစွာရှိကြလေသည်။
( ၂) ချစ်စေလို နှုတ်ခမ်းလက်နှစ်သစ်၊ မုန်းစေလို နှုတ်ခမ်းလက်နှစ်သစ်။
( ၃) မှန်ကန်ခြင်း၌ အဖော်မလို။
( ၄) လောကမှာ သိစရာ တတ်စရာတွေ မကုန်နိုင်အောင် ရှိလေရာ၊ ငါသိလှပြီ တတ်လှပြီဟု ထင်နေသူများသည် မိမိဘာမျှ မတတ်သေးကြောင်း ကြေညာခြင်းပင်ဖြစ်သည်။
( ၅) အမိန့်ကို ကောင်းစွာ နာခံတတ်မှ အမိန့်ပေးသူအဖြစ်သို့ ရောက်နိုင်၏။ အမိန့်ကို သုန်မှုန်စွာ နားထောင် သူသည် ကျေးကျွန်နှင့်တူ၏၊။ ရွှင်လန်း ကြည်ဖြူစွာ နာခံတတ်သူကား သားကောင်းသမီးကောင်း တပည့်ကောင်းနှင့်တူ၏။
( ၆) မိမိအတွက် တစ်ပါးသူမှာ အနည်းငယ်မျှ ၀န်လေးခြင်း မရှိရေအာင် သတိထားရမည်။
( ၇) အရာရာ၌ မလွန်ကျူးခြင်း၊ အနည်းငယ်မျှ ၀န်လေးခြင်း မရှိရေလေအာင် သတိထားရမည်။
( ၈) တိုက်ရိုက်ပြောခြင်းသည် ခုခံစိတ်ကို ဖြစ်စေတတ်သည်၊ အဘယ်အရာကိုလုပ်ပါဟု ပြောမည့်အစား လုပ်လျှင် အဘယ်အကျိုးမျိုးဖြစ်မည်ကို ပြောရမည်။
( ၉) သိလိုသောစိတ်သည် ဂရုစိုက်သောစိတ်ဖြစ်၏။ ဂရုစိုက်ခြင်းသည် အေရးယူခြင်း လေးစားခြင်းပင် ဖြစ်လေသည်။ (၁၀)အချိန် ရှိသရွေ့ အမှားပြင်နိုင်၏

No comments:
Post a Comment
အပြစ်ကင်းသော စာများကို ကြိုဆိုပါတယ်