Monday, January 6, 2014

မထင်မရှား ဘလော့ဂါသမားတစ်ယောက်ရဲ့ ဘဝ

ဒီဘလော့ဆိုတာကို စိတ်ဝင်စားမိတာ ကျုပ်အမှားပါ
တကယ်တော့ ကျုပ်လို  blogger သမားတစ်ယောက်ရဲ့ ဘဝဟာ တကယ်ပဲမလွယ်ပါဘူး။ ဘလော့ ကို ရေးဖို့ အရမ်းကြီးမခက်ပါဘူး။ ဒါပေမယ့်
ဒီဘလော့ကို ရေရှည်ထိန်းသိမ်းဖို့တော့ တကယ်ကိုမလွယ်တာပါ။ ကိုယ်ရေးတဲ့ ဘလော့ကို သူများတွေကြည့်ချင်စဖွယ်ဖြစ်အောင် ပြင်ရဆင်ရတယ်
ပြီးတော့ ပို့စ်တွေကို လည်း မကြာမကြာတင်ရတယ် ပို့စ်တွေ update ဖြစ်နေမှ လည်း ကြည့်ရတာအဆင်ပြေတာလေ တစ်ခါလာကြည့်လည်း
ဒီပို့စ် တစ်ခါလာကြည့်လည်း ဒီပို့စ်ဆို ဘယ်ကြည့်ချင်တော့မလဲ။ ပြီးတော့ သူများဘလော့တွေ လည်း လိုက်ကြည့်ရသေးတယ်
သူများတွေ ဘာတွေတင်ထားလည်း ဘယ်လိုအကြောင်းရာတွေ တင်ထားသလဲ ကိုယ်က ဘယ်လိုတင်ရင် ကောင်းမလဲဆိုတာလည်း
မျက်ခြည်မပြတ် လိုက်ကြည့်ရတယ်။ နောက်ပြီး အသစ်ထွက်နေတဲ့ Software တွေကို ရှာဖွေတင်ပြရတယ်  Andriod apk တွေကို
အသုံးဝင်မဲ့ ဟာတွေကိုလည်း တင်ပြရတယ်။ တစ်ခါတစ်ရံ အခြားဆိုဒ်တွေက ဟာကို  ဒေါင်းလို့ဒ် ဆွဲ ပြီး ရင် ကိုယ့်ရဲ့ ဖိုင်စတိုး တွေ
ထဲမှာ ပြန်တင် ပြီးပေးရတယ် ဆွဲရတာအဆင်ပြေအောင်လေ။
ပြီးတော့ အမေပေးတဲ့ မုန့်ဖိုးထဲက ဖဲ့ပြီး ဖုန်းအင်တာနက်ဖိုးလုပ်ရတယ်လေ ဘလော့ဆိုတာကလည်း ငွေသိပ်ကြိုက်တာဗျ
ဝါရင့်ဘလော့ကာ တွေကျတော့ ကျုပ်နဲ့ ပြောင်းပြန်ဗျ သူတို့က ဘလော့တွေကနေ တစ်ဆင့် ငွေရအောင်ပြန်ရှာတတ်တယ်
ကြော်ငြာတွေလက်ခံတယ် ဟီး  ဟိ အားကျစရာနော်။
ကျုပ်လို ရွယ်တူ ဘလော့ဂါ လေးတွေကိုလည်း ကိုယ်ချင်းစာပါတယ်

No comments:

Post a Comment

အပြစ်ကင်းသော စာများကို ကြိုဆိုပါတယ်